ကံကြမ္မာ မြေဖြူခဲ (ရုပ်ရှင်အညွှန်း)
ငြိမ်းချမ်းငြိမ်း
61gEgX69rmLဆာဂျီလူရှန်ကိုမှာ ယနေ့မျက်ခေတ် ရုရှားနိုင်ငံ၏ အကျော်ကြားဆုံး စာရေးဆရာတယောက် အဖြစ်သာမက နိုင်ငံတကာတွင်ပါ ထင်ရှားသောသူ ဖြစ်သည်။ သူ၏ ရာဇဝင်နောက်ခံ ဂမ္ဘီရဝတ္ထုများမှာ ရုရှားနှင့် ဥရောပတွင် ရိုက်မလောက် နိုင်လောက်အောင် ရောင်းစွံခဲ့သည်။ Day_Watch_posterဆာဂျီလူရှန်ကို၏ နာမည်ကျော် ဂမ္ဘီရဝတ္ထုဇာတ်လမ်းတွဲကြီး ဖြစ်သည့် Night Watch လေးအုပ်တွဲ (Tetralogy) မှာ သူ၏ အကောင်းဆုံး လက်ရာမွန်ဖြစ်သည်။ ထိုစာအုပ်သည် အမှောင်ဘက်တော်သားများ (Dark Others) နှင့် အလင်းဘက်တော်သားများ (Light Others) တို့၏ စစ်ပွဲများအကြောင်း ဖြစ်သည်။ ဆာဂျီလူရှန်ကို၏ ကျော်ကြားမှုကို နိုင်ငံတကာတွင်မူ Lord Of The Ring ဝတ္ထုများ၏ ဖန်တီးရှင် အမေရိကန် လျှို့ဝှက် စာရေးဆရာကြီး ဂျေအာအာတိုလ်ကီယန် (J.R.R Tolkien) နှင့် ခိုင်းနှိုင်းကြသည်။ Continue reading “ကံကြမ္မာ မြေဖြူခဲ (ရုပ်ရှင်အညွှန်း)”
ရဲချုပ်ခင်ရီ ရာထူးမှဖယ်ရှားခံရ
၎ အောက်တိုဘာ ရန်ကုန် ၊                      ၊ဟိန်းခိုင်ထွန်း
Burma Police Chief Remove
MYANMAR SUU KYIအောက်တိုဘာလ ၃ ရက်နေ့ က နေပြည်တော် တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏၄၅ နှစ်မြောက် နှစ်ပတ် လည် နေ့ တွင် နှစ်စဉ်နှစ်တိုင်း တွေ့ မြင်နေကြဖြစ်သည့် ရဲချုပ်ခင်ရီ မှာ ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် အတွက် တက်ရောက်ခြင်းမရှိနိုင်ကြောင်း သတင်းရရှိသည်။ Continue reading “ရဲချုပ်ခင်ရီ ရာထူးမှဖယ်ရှားခံရ”
ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင်
၎ အောက်တိုဘာ ရန်ကုန်၊                          ၊www.lanolay.wordpress.com
ထင်ရှားသည့် အမှတ်အသား (ဇေယျာလင်း)
“ငါဟာ ငါဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ငါ့ ထင်ရှားသည့် အမှတ်အသားဟာ ငါ့ကိုသိလို့ပဲ”
ထင်ရှားသည့် အမှတ်အသား ရောင်းရန်ရှိသည်။
ထင်ရှားသည့် အမှတ်အသား ခေတ္တခရီးထွက်သွားသည်။
ထင်ရှားသည့် အမှတ်အသားကို အထောက်အထားနှင့် တင်ပြပါ။
ထင်ရှားသည့် အမှတ်အသား မေးမြန်းစုံစမ်းခြင်း သည်းခံပါ။
ထင်ရှားသည့် အမှတ်အသားမှာ လက္ခဏာအတုတွေ့ရှိရပါသည်။ Continue reading “ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင်”
ရန်ကုန်၊မန္တလေး နှင့် ကျောက်ဆည် သီတင်းကျွတ်ပွဲတော်
၃ အောက်တိုဘာ ရန်ကုန် ၊                           ၊ဟိန်းခိုင်းထွန် နှင့် ညွန့်သက်ထားဦး
Thidin Kyut Festival
Kyauk Se Sinမန္တလေး သီတင်းကျွတ်ပွဲတော် သည် ဈေးချို နှင့် ၈၄ လမ်း တစ်ဝိုက် နှင့် ဘုရားကြီး အနီးတ၀ိုက် တွင် ခြေကျင်လည်ပတ်သူများဖြင့် အတန်အသင့် စည်ကားမှု ရှိပြီး ၊ကျုံးပတ်
လည် ၊အိမ်တော် ရာဘုရား ၊ လမ်း ၈၀ တရုတ်တန်း တို့ တွင်မူ ကာရာအိုကေ သီချင်းဆို
ပြိုင်ပွဲများ ၊ ၀ါသနာရှင်များ ၏ သီဆိုဖျော်ဖြေမှု ပွဲစဉ်များ စတုဒီသာ တိုက်ကျွေးမှု များဖြင့်
စည်ကားမှု ရှိသည်။ ယခုနှစ် မန္တလေး သီတင်းကျွတ်သည် ယခင် နှစ်များထက် ပို၍ ချမ်း
စိမ့်စိမ့် နိုင်သည် ဟု မန္တလေးမြို့ ဆေးရုံကြီးမှ ဆရာဝန် တစ်ဦးက ပြောသည်။ Continue reading “ရန်ကုန်၊မန္တလေး နှင့် ကျောက်ဆည် သီတင်းကျွတ်ပွဲတော်”
အလင်းအမှောင်ကြားက ရန်ကုန်သီတင်းကျွတ် မီးထွန်းပွဲတော်
၃ အောက်တိုဘာ ရန်ကုန် ၊                        ၊သီတင်းကျွတ်လပြည့်နေ့ 
ကလန်သံဗျင်
အဖိတ်နေ့ ညနေက ရန်ကုန်မြို့တော်ခန်းမဘေးတွင် ချထားသည့် ရဲလုံထိန်းတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ - အေပီ သတင်းဌာန
အဖိတ်နေ့ ညနေက ရန်ကုန်မြို့တော်ခန်းမဘေးတွင် ချထားသည့် ရဲလုံထိန်းတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ - အေပီ သတင်းဌာန
Bang ဒိုင်း …… ဒိုင်း…………ရှုး ဖောင်း ………ဒိုင်း စသည့် အသံများသည် လူနေထူထပ်ရာ ရန်ကုန် မြို့ လမ်းများ တစ်လျှောက် ဆူညံစွာ ထွက်ပေါ်နေသည်။
အမှတ်တမဲ့ ဆိုလျှင် သေနတ် ပစ်ဖောက်သည့် အသံတစ်ခုကဲ့သို့ ထင်မှတ်စရာရှိသော်
လည်း သီတင်းကျွတ်ကာလ ကလေးသူငယ်များ၏ ဗျောက်အိုး ပစ်ဖောက် သံများက ထွက်
ပေါ်နေခြင်းဖြစ်သည်။ Continue reading “အလင်းအမှောင်ကြားက ရန်ကုန်သီတင်းကျွတ် မီးထွန်းပွဲတော်”
ငါးထောင်တန်ထွက်ရှိပြီးပြုလုပ်သည့် ကျိုင်းတုံလေလံပွဲ အပေါ်ကားများ ပါ၍ စပေါ်ငွေ ဈေးတက်
၂ အောက်တိုဘာ ရန်ကုန် ၊                        ၊ယူကွန်
Biggest Auto Mobile Auction In Eastern Burma
လေလံပွဲတွင် ပါဝင်မည့် တိုယိုတာ မတ်တူး
လေလံပွဲတွင် ပါဝင်မည့် တိုယိုတာ မတ်တူး
အောက်တိုဘာလ ၁၀ ရက်နေ့ မှ ၁၉ ရက်နေ့ ထိ ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့ တော်ဖြစ်သည့် ကျိုင်းတုံ မြို့ တွင်ကျင်းပမည့် ကားအစီး ၈၀၀ ကျော် ပါဝင်မည် ဖြစ်ပြီး လေလံပွဲတွင် ပါဝင်မည့် ကား
အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ ဈေးကွက် အခေါ် လူကြိုက်များသည့် အမြင့် ကားများ ဖြစ်နေ၍ ၀ယ်
ရောင်း နှင့် စိတ်ဝင်စားသူများအကြိုက်ဖြစ်နေသည် ဟု သတင်းရရှိသည်။ Continue reading “ငါးထောင်တန်ထွက်ရှိပြီးပြုလုပ်သည့် ကျိုင်းတုံလေလံပွဲ အပေါ်ကားများ ပါ၍ စပေါ်ငွေ ဈေးတက်”
ပိုလန်စကီး အား လွှတ်ပေးရန် သရုပ်ဆောင်၊ဒါရိုက်တာ နှင့် ထုတ်လုပ်သူများကတောင်းဆို
၂၉ စက်တင်ဘာ ကာလီဖိုးနီးယား ၊                      ၊Freedom News
Free Roman Protest in E.U. and U.S.
အမေရိကန်နိုင်ငံသား၊ ပြင်သစ် ရုပ်ရှင် ဒါရိုက်တာ ရိုမန် ပိုလန်စကီးအား စက်တင်ဘာလ ၂၆
ရက်နေ့ တွင်ဖမ်းဆီးပြီး သူ့ အားဝရမ်း ထုတ် ထားသည့် အမေရိကန်နိုင်ငံသို့ ပြန်လည်
လွှဲပြောင်းပေးမည် ဟု ဇူးရစ် မှ လာသော သတင်းကို ကိုးကားပြီး FOX သတင်းဌာန
မှ ကြေညာ ခဲ့သည်။ Continue reading “ပိုလန်စကီး အား လွှတ်ပေးရန် သရုပ်ဆောင်၊ဒါရိုက်တာ နှင့် ထုတ်လုပ်သူများကတောင်းဆို”
ဖိနပ်စာ မိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်
၂၉ စက်တင်ဘာ နေပြည်တော် ၊                          ၊ညွန့် သက်ထားဦး
Updated ..09 .30 .2009
UN General Assemblyဖိနပ်စာမိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း တို့ အား အစိုးရ အဖွဲ့ တွင်းမှ ထုတ် ပစ် မည် ဟု နေပြည်တော် အစိုးရ ၀န်ကြီးများ သတင်းရပ်
ကွက် တွင် သတင်းထွက် ပေါ်နေသည်။ Continue reading “ဖိနပ်စာ မိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်”
မြန်မာနိုင်ငံခြား ရေးဝန်ကြီး နယူးယောက်တွင် ရှုးဖိနပ်ဖြင့် ပစ်ပေါက်ခံရ
၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် နယူးယောက် မြို့ သို့ ရောက်
ရှိနေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအား ၎င်း တည်းခိုရာ ဟိုတယ်မှ အထွက် တွင် မြန်မာ့ဒီမိုကရေစီ ရေးလှုပ်ရှားသူများက ဆန့် ကျင်ဆန္ဒပြခဲ့ကြသည်။ Continue reading “မြန်မာနိုင်ငံခြား ရေးဝန်ကြီး နယူးယောက်တွင် ရှုးဖိနပ်ဖြင့် ပစ်ပေါက်ခံရ”
ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းသံတမန်များနှင့် တွေ့ ဆုံခွင့်တောင်းဆို
၂၈ စက်တင်ဘာ ရန်ကုန် ၊                      ၊တင်ကျော်ကျော်စိုး
Myanmar’s Suu Kyi seeks to meet Western diplomats (AP News)
နေအိမ်အကျယ်ချုပ်ချထားခြင်းခံရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကစက်တင်ဘာလ ၂၅ ရက်နေ့  နေ့ စွဲဖြင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ ပေးပို့ သည့် စာထဲတွင် အနောက်တိုင်း သံတမန် အချို့ နှင့် တွေ့ ဆုံဆွေးနွေးလိုကြောင်း ဖေါ်ပြပါရှိသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းသံတမန်များနှင့် တွေ့ ဆုံခွင့်တောင်းဆို”
ရွှေကုန်သည်များက ရွှေဈေး ကျပ် ၈ သိန်း ကျော်ထိ ရောက်ရှိလိမ့်မည် ဟု ခန့် မှန်း
၂၆ စက်တင်ဘာ ရန်ကုန် ၊                     ၊ဟိန်းခိုင်ထွန်း
Myanmar Gold Market Unrest
ကျပ်ငါးထောင်တန် ထုတ်သေမည့် သတင်းကြေညာပြီးနောက် ရန်ကုန် မြို့ ရှိ ရွှေ ထည် အရောင်းဆိုင် တစ်ခု ကိုတွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ကျပ်ငါးထောင်တန် ထုတ်သေမည့် သတင်းကြေညာပြီးနောက် ရန်ကုန် မြို့ ရှိ ရွှေ ထည် အရောင်းဆိုင် တစ်ခု ကိုတွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ပါးထိ ဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း ခန့် မှန်းကြသည် ဟု သတင်းရရှိသည်။ Continue reading “ရွှေကုန်သည်များက ရွှေဈေး ကျပ် ၈ သိန်း ကျော်ထိ ရောက်ရှိလိမ့်မည် ဟု ခန့် မှန်း”