ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (ကြူးနှစ် ၏ ကန္တာရဆူး)
၂၇ စက်တင်ဘာ အယ်အေ ၊ ၊Freedom Literature Group
Desert Thorn By Kyu Hnit
မမြကြုတ် တိမ်းပါးသွားခဲ့ခြင်းကို အဦးအစ သိခွင့်ရရှိခဲ့ကြသူများမှာ ပုရွက်ဆိတ်များသာဖြစ်ဖို့ သေချာသလောက်ရှိသည်။ အဘယ် ကြောင့်ဟူမူ သူတို့သည် မမြကြုတ်၏ အနီးကပ်ကိုယ်ရံ၏တော်များသဖွယ် မမြကြုတ်အနီးအပါး၌ နှစ်ပေါင်းများစွာ မှီတွယ်နေထိုင် ခဲ့သောကြောင့်ဖြစ်သည်။ မမြကြုတ်၏ရုပ်ခန္ဓာသည် ပုရွက်ဆိတ်မျိုးဆက် ဒါဇင်ပေါင်းများစွာအတွက် ထာဝရရိက္ခာ ပဒေသာပင်ကြီးနှင့် တူခဲ့ပါသည်။ Continue reading “ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (ကြူးနှစ် ၏ ကန္တာရဆူး)”



လွန်ခဲ့သည့် တစ်နှစ် ခန့် မှ စ၍ မြန်မာ ဗီဒီယို လောကတွင် ပေါ်ပြူလာ ဖြစ်လာခဲ့သည့် သရုပ်ဆောင်သစ်တစ်ယောက် ဖြစ်သည့် ဟိန်းဝေယံ သည် ယူကျု ဗီဒီယို ၀ဘ်ဆိုက် ရှိ ဗီဒီယို အသံဖိုင် တစ်ခုကြောင့် ဖျော်ဖြေရေး ဘလောက် စာမျက်နှာများ ၊မြန်မာ လူငယ်များ အသုံးများသော ဖိုရမ် များ နှင့်အုပ်စုဖွဲ့  အီးမေးများကြားတွင် ပေါ်ပြူလာ ဖြစ်ကာ ရေပန်းစားလျှက်ရှိသည်။ 



