ဖားအံတွင်လူသတ်သည်ထိကျူးလွန်သောလုယက်မှုများဖြစ်ပွား ကော့ကျိုက်တွင် မွန်နှင့်ကရင်လူမျိုး တို့ ပဋိပက္ခဖြစ်နေ
၈ မေ ဖားအံ၊ ၊စောမူးဂေး
Robbery and DKBA mob powerful in Karen Town

ကရင်ပြည်နယ် ဖားအံမြို့ အရှေ့တောင်ဘက်ရှိ ကော့ကျိုက်တွင် မွန် နှင့် ကရင် လူမျိုးများ ပဋိက္ခဖြစ်ပွားနေသည် ဟုသိရသည်။တောင်ယာ ကိစ္စ နှင့် ပတ်သက်၍ အချင်းများရာမှ ဧပြီလ နောက်ဆုံးပတ်ကစပြီး ကိုယ်ထိလက်ရောက် တုံ့ ပြန်မှုများရှိလာသည် ဟုသိရသည်။
မွန်-ကရင် ရွာသားများ ပဋိပက္ခကို ကော့ကျိုက် အခြေစိုက် ခြေလျှင်တပ်ရင်းမှ လာရှင်းပေးမည်ဟု ပြောသော် လည်း ယခုထိ လာရောက် မရှင်းပေးသေးပဲ ထိုရွာမှ အပြစ်မဲ့ရွာသား နှစ်ဆယ်ခန့် ကို ရဲက လာရောက်ဖမ်းဆီးသွားသည် ထွက်ပြေးလာသော ထိုရွာသား တစ်ဦးက Freedom News Group သို့ပြောပြသည်။
Continue reading “ဖားအံတွင်လူသတ်သည်ထိကျူးလွန်သောလုယက်မှုများဖြစ်ပွား ကော့ကျိုက်တွင် မွန်နှင့်ကရင်လူမျိုး တို့ ပဋိပက္ခဖြစ်နေ”









ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော အကျဉ်းကျနေ သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အား လွှတ်ပေးရန် အသနားခံစာ ကို ဧပြီလ ၃၀ ရက်နေ့ က စစ်အစိုးရ က ပယ်ချလိုက်ကြောင်း ယနေ့ ဒေါ်အောင်ဆုကြည် ၏ ရှေ့နေ ဦးလှမျိုးမြင့်သို့ အကြောင်းကြားစာပေးပို့ သည်။



