ပြည်သူများ အထွေထွေ မကျေနပ်ချက်များလာ သောကြောင့် အုံကြွမှုဖြစ် နိုင်ဟု နာဂစ် ဆုတောင်းပွဲတွင် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးပြော

၂ မေ ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး

20080514114739_candlelight1လွန်ခဲ့သည့် တစ်နှစ်က နာဂစ် မုန်တိုင်း ဒဏ်ကြောင့် သေဆုံးခဲ့ရသူများအား ရည်စူး၍ သိုသိပ်စွာ ပြုလုပ်ရသည့် အောက်မေ့ဆုတောင်းပွဲ တစ်ရပ်တွင် ထင်ရှားသော နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြည်သူများ ၏ စား ၀တ် နေရေး အကျပ်အတည်း များမှာ ပိုမို ကြီးမား လာသဖြင့် အထွေထွေ မကျေ နပ်ချက် များဖြစ် လာကာ ထိုကိစ္စသည် အုံကြွမှု တစ်ခု အနှေး နှင့် အမြန် ဖြစ်လာ နိုင်ကြောင်းထည့်သွင်း ပြောကြားခဲ့သည်။

လုံခြုံရေး တင်းကျပ်ထားသည့် ရန်ကုန် မြို့ တွင် နာဂစ် ဆုတောင်းပွဲ ကို အကျဉ်းချုံး၍ သိုသိပ်စွာ ကျင်း ပရသော် လည်း ထိုဆုတောင်းပွဲ သို့ နိုင်ငံခြားသံတမန် များ အကျဉ်းသားဟောင်းများ သံဃာတော်များ  နှင့် လူငယ် မျိုးဆက်သစ်များ တက်ရောက်သည် ဟု သိရသည်။
Continue reading “ပြည်သူများ အထွေထွေ မကျေနပ်ချက်များလာ သောကြောင့် အုံကြွမှုဖြစ် နိုင်ဟု နာဂစ် ဆုတောင်းပွဲတွင် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးပြော”

ငါးပိတွင် ဆိုးဆေးများပါဝင် ကြောင်းယနေ့ ထုတ်သတင်းစာ များတွင် ဖေါ်ပြထား

၁ မေ ရန်ကုန်၊                ၊ဟိန်းခိုင်ထွန်း

ယနေ့ မေလ ၁ ရက်နေ့ (အလုပ်သမားနေ့ )ထုတ် စစ်အစိုးရ အာဘော် သတင်းစာ များတွင်

မြန်မာ တို့၏ ထမင်းမြန်တို့ စရာငါးပိရည် ဓာတ်ပုံ-http://subuueain.blogspot.com/
မြန်မာ တို့၏ ထမင်းမြန်တို့ စရာငါးပိရည် ဓာတ်ပုံ-http://subuueain.blogspot.com/

မြန်မာလူမျိုးများ ၏ ထမင်းစားပွဲ ၀ိုင်းတွင်မရှိမဖြစ်သော ငါးပိ အား အနီရောင် ဆိုးဆေး အသုံးပြုထားသဖြင့် အများပြည်သူ စားသုံးရန် မသင့်တော် ဟု ကြေညာထားသည်။

ကျန်းမာရေးဝန်ကြီးဌာန မှ ငါးပိ တွင် အစာအိမ် အူလမ်း ကြောင်း ရောင်ရမ်းခြင်း၊ပျို့ အန်ခြင်း၊ကင်ဆာဖြစ်ခြင်း၊ဦးဏှောက် အာရုံကြော ချို့ ယွင်းခြင်း စသည့်  Rodhamine B ဓာတ်များ ပါဝင်နေသည်ကို တွေ့ ရှိ ၍ စားသုံးရန် မသင့်ကြောင်း အများပြည် သူများသိရှိရန် ကြေညာထားသည် ဟုဖေါ်ပြထားသည်။
Continue reading “ငါးပိတွင် ဆိုးဆေးများပါဝင် ကြောင်းယနေ့ ထုတ်သတင်းစာ များတွင် ဖေါ်ပြထား”

တစ်လအတွင်းလှုပ်ခတ်မှုရှိဆုံးသတင်း(ဧပြီလ)

Freedom News Group သည်၂၀၀၉ခုနှစ်ဆန်းမှစ၍တစ်လအတွင်းထူးခြားမှုအရှိဆုံးသော
သတင်းတစ်ပုဒ်အားလစဉ်ဖေါ်ပြပေးခဲ့ပြီးဖြစ် ပါသည်။ထိုသို့ ဖေါ်ပြရာတွင်နိုင်ငံရေး သတင်းများသာမက မည်သည့်နယ်ပယ်မှသတင်းမဆိုအတွေးပွားစရာနှင့် ဆွေးနွေးစရာ ရှုထောင့်အမြင်ကွဲပျားခြားနားစရာများဖြစ်က ရွေးချယ်၍ဖေါ်ပြပေးသွားခဲ့ပြီးဖြစ် သလို ပြည်သူတို့ 
၏ ဘ၀ နှင့်ဆက် စပ်နေသော သတင်းများကို လည်း ရွေးချယ်ဖေါ်ပြမည် ဖြစ်ပါသည်။

ထိုသို့ ဖေါ်ပြရာတွင်အဆိုပါသတင်းသည်ပရိသတ်စိတိဝင်စားမှုအရှိဆုံး
သတင်းဖြစ်ရမည့်ပြင်အများပြည်သူကြားထဲနှိုက်အလှုပ်ခတ်ဆုံးသတင်းဖြစ်ရမည်ဆိုသော
မူကိုအခြေခံ၍ရွေးချယ်ခြင်းဖြစ်ပါသည်။
ယခုလအတွက် NEWS OF THE MONTH အဖြစ် မဇ္ဈိမ သတင်းဌာန၏ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ကာလဝမ်းရောဂါ အသွင်ပြောင်း ဆိုသည့်  သတင်း”ကို ရွေးချယ်လိုက် ပါသည်။

စာပေစီစစ် ရေးမှ လက်လှမ်းမမှီသည့် သတင်းဌာနများ တွင် ဖေါ်ပြချက် အရ ယခု အချိန်ထိ လူ ၃၀
ခန့် သေဆုံးခဲ့ပြီ ဆိုသော် လည်း နာဂစ် မုန်တိုင်း တိုက်ခတ်စဉ် အချိန်က လူ တစ်သိန်း ငါးသောင်း နီး
ပါးသေဆုံး ရသည် Continue reading “တစ်လအတွင်းလှုပ်ခတ်မှုရှိဆုံးသတင်း(ဧပြီလ)”

ရွှေဂုံတိုင်ကြေညာချက်နှင့် ပတ်သက်၍ ပြောကြသည်များ (အင်တာဗျူး)

၁ မေ ရန်ကုန်၊                   ၊Freedom News Group
အများစုက ၂၀၁၀ ရွေးကောက်ပွဲ အတွက် NLD ယတိပြတ်မဆုံး ဖြတ် နိုင်သေး ဟု ထင်စရာ ရှိသော် လည်း စစ်အစိုးရ မလိုက်လျှော နိုင်သော အချက် သုံး ချက်ကြောင့်
ရွေးကောက်ပွဲ ကိုအလိုမရှိ ကြောင်း သဘောထား ထုတ်ပြန်ခြင်း ပင် ဖြစ် ဟု Freedom News
Group ၏ တွေ့ ဆုံမေးမြန်းမှု အစီအစဉ် တွင် အများစု သုံးသပ်

Continue reading “ရွှေဂုံတိုင်ကြေညာချက်နှင့် ပတ်သက်၍ ပြောကြသည်များ (အင်တာဗျူး)”

မြန်မာ အစိုးရ ၀က်တုပ်ကွေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုအားနည်းနေဆဲ(သတင်း ဓာတ်ပုံ)

လူမှလူ သို့ ကူးဆက်နိုင်သော အဆင့် ၅ အထိ ရောက်ရှိ နေပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ၏ လမ်းညွှန်မှုဖြင့် အိမ်နီးချင်း နိုင်ငံများတွင် ပါ ကျေးရွာများထိ ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင် နေပြီ ဖြစ်သော်လည်း မြန်မာ အစိုးရ ကမူ သတင်းစာ ရေဒီယို ရုပ်သံ များတွင် အသိပေးချက် ထုတ် ပြန် ရုံက လွဲ၍လူထု လုပ်ရှား မှု ပညာပေး အသွင်ဖြင့် အင်တိုက် အားတိုက် မဆောင် ရွက်သေးသည် ကိုတွေ့ ရှိရသည်။ Continue reading မြန်မာ အစိုးရ ၀က်တုပ်ကွေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုအားနည်းနေဆဲ(သတင်း ဓာတ်ပုံ)

Rate this:

ဝသုံးလုံး တဘောင် ပေါ်ထွက်မှု ပြည်သူများကို အထိတ်တလန့် ဖြစ်စေ

၃၀ ဧပြီ ရန်ကုန်၊                    ၊စနေငချွတ်

ဝက်တုပ်ကွေး ၊ ၀သုံးလုံးနှင့် တိုင်းပြည်ကံကြမ္မာ

စစ်တပ်အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များနှင့် အနုပညာရှင်များ အများဆုံး အားထားယုံကြည်မေးမြန်းလေ့ရှိသည့်ဆရာကြီး မင်းသိင်္ခ၏ တပည့်ရင်း ဗေဒင်ဆရာမတစ်ဦးက ၀က်တုပ်ကွေးရောဂါ မြန်မာပြည်သို့ ကူးစက်လာပါက ဆရာကြီး မင်းသိင်္ခမှ တပည့် သားသမီးများအား ပြောကြားခဲ့ဖူးသည့် ၀သုံးလုံး တဘောင်နှင့် ကိုက်ညီသွားမည်ဖြစ်ကြောင်း ဆိုသည်။ Continue reading “၀သုံးလုံး တဘောင် ပေါ်ထွက်မှု ပြည်သူများကို အထိတ်တလန့် ဖြစ်စေ”

ဝက်တုပ်ကွေးရောဂါ လက္ခဏာ ဟုယူဆရသည့် ရောဂါတစ်မျိုး ပဲခူးတွင်ဖြစ်ပွား

၂၉ ဧပြီ ရန်ကုန်၊                   ၊ယူကွန်

လူကိုကူးစက်သည့် ၀က်တုပ်ကွေးဗိုင်းရပ်(စ)
လူကိုကူးစက်သည့် ၀က်တုပ်ကွေးဗိုင်းရပ်(စ)

ဝက်တုပ်ကွေးရေဂါနှင့် ဆင်ဆင်တူသည့် ရောဂါ လက္ခဏာ တစ်မျိုး ပဲခူးမြို့ ဆယ်မိုင်ကုန်း အနီး ရန်
ကုန်-မန္တလေး ကားလမ်းမပေါ် ရှိ ကျေးရွာတစ်ခု တွင် ယနေ့ ဖြစ်ပွားခဲ့သည် ဟုသိရသည်။အသက် ၂၂ နှစ်အရွယ် ခန့် ရှိ မောင်ထွန်းနိုင်ဦး ဆိုသည့် ပဲခူး ဂေါက်ကလပ်တွင် အလုပ် လုပ် နေသော လူငယ် တစ်ဦးမှာ ယနေ့ နေ့ လည်တွင် နှာရည်ယို ၍ အဖျားတက်ကာ သတိလစ် ရာမှ နီးစပ်ရာ
ဆေးခန်း မှ တစ်ဆင့် ပဲခူး ဆေးရုံ ကြီးတွင် တက် ရောက် ကု သခံနေ ရကြောင်းသိရသည်။
Continue reading “၀က်တုပ်ကွေးရောဂါ လက္ခဏာ ဟုယူဆရသည့် ရောဂါတစ်မျိုး ပဲခူးတွင်ဖြစ်ပွား”

မြန်မာ ပြည်အား ဒဏ်ခတ်အရေးယူ ပိတ်ဆို့ ထားမှုများကို အမေရိကန် ရုပ်သိမ်းပေးမည် မဟုတ်ဟု တရားဝင် သတင်းထုတ်ပြန်

၂၉ ဧပြီ ၀ါရှင်တန်၊              ၊အေအက်(ဖ)ပီ

သမ္မတ ဘရက် အိုဘားမား အစိုးရလက်ထက် တွင် မြန်မာ နိုင်ငံ နှင့် ပတ်သက်၍ ချမှတ်ထား သည့်
မူဝါဒများကို ပြန်လည် သုံးသပ်ရန် စီစဉ် ထားသော် လည်း
စစ်တပ် ကအာဏာ ရယူထားသည့် မြန်မာ နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ မှုများကို ရုပ်သိမ်းပေး မည် မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန မှ အင်္ဂါနေ့ က တရားဝင် သတင်းထုတ် ပြန်လိုက်သည် ။
Continue reading “မြန်မာ ပြည်အား ဒဏ်ခတ်အရေးယူ ပိတ်ဆို့ ထားမှုများကို အမေရိကန် ရုပ်သိမ်းပေးမည် မဟုတ်ဟု တရားဝင် သတင်းထုတ်ပြန်”

ဗိုလ်မှုးချူပ် ကျော်ဝင်း သမီးနှင့်သမက် ကိုသတ်သူ လေတပ်ဗိုလ် ဖုန်းဇော်အေး သတင်းကိုဂျာနယ် များတွင်ဖေါ်ပြခွင့်မရ

လူသတ်တရားခံ စစ်အရာရှိ တိမ်းရှောင် နေသော ပြည်လမ်းရှိ Summer Palace ဟိုတယ်
လူသတ်တရားခံ စစ်အရာရှိ တိမ်းရှောင် နေသော ပြည်လမ်းရှိ Summer Palace ဟိုတယ်

သဘောင်္မာလိန် မှုး ဦးခင်မောင်လေး နှင့် ကက(ကြည်း) မှ ဗိုလ်မှုးချူပ် ကျော်ဝင်း၏ သမီးဦး ဖြစ်သူဒေါ်အေးအေးဝင်း ခေါ် မြတ်သီရီခင် ကိုသတ် ဖြတ်ပြီး နောက် တပ်ပြေးအဖြစ် ပြည်လမ်းရှိ ထိုင်းလူမျိုး တစ်ဦး ဖွင့်လှစ်ထား သော Summer Palace ဟိုတယ် တွင် တိမ်းရှောင်နေသောမင်္ဂလာဒုံလေတပ် စခန်းမှ ဗိုလ်ကြီးဖုန်းဇော် အေး ကို အတာ သင်္ကြန် အကြတ်နေ့ က ကမာရွတ်ရဲစခန်း မှ ဟိုတယ် တွင် ဖမ်းဆီး ရမိသည် ဟု သတင်းရရှိ သည်။

ကမာရွတ် ရဲစခန်းမှ သတင်းအရ ဖမ်းဆီးရမိခြင်း မဟုတ်ပဲ မတ်လ ၂၉ ရက်နေ့ တည်းက ဟိုတယ် တွင် လာရောက် တည်းခိုနေစဉ် ဧပြီ လ ၈ ရက်နေ့ မှစ၍ နောက်ပိုင်းအခန်း ခများကို မရှင်းပေးခြင်း၊အခန်းသို့ မှာယူ သည့် အစားအသောက် နှင့် အဖျော်ယမကာ ဘေ များကိုမရှင်းခြင်းကြောင့် ဟိုတယ် မန်နေဂျာက ကမာရွတ် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
Continue reading “ဗိုလ်မှုးချူပ် ကျော်ဝင်း သမီးနှင့်သမက် ကိုသတ်သူ လေတပ်ဗိုလ် ဖုန်းဇော်အေး သတင်းကိုဂျာနယ် များတွင်ဖေါ်ပြခွင့်မရ”

ဝက်တုပ်ကွေးရောဂါ သတင်းကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် နှင့် တပ်ရင်းတပ်ဖွဲ့ ပိုင် ၀က်များထုတ် ရောင်း

၂၈ ဧပြီ ရန်ကုန်၊                ၊ယူကွန်

မက္ကဆီ နိုင်ငံတွင် ဖြစ်ပွားနေသော ၀က်တုပ်ကွေးကြောင့် လူရာ နှင့်ချီသေ ဆုံးပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အစည်း (WHO) က၀က်တုပ်ကွေး ရောဂါ နှင့် ပတ်သက်၍ အရေးပေါ် အခြေအနေ ကြေငြာ ထားချိန်တွင် ရန်ကုန် တိုင်းစစ်ဌာ နချုပ် မှ မွေးမြုထားသော လေးဒေါင့်ကန် ၀က်မွေးမြုရေး စခန်းမှ ၀က်ကောင် ရေ တစ်ရာကျော်ခန့် ကို ယနေ့ ထုတ်ရောင်းချသည် ဟုသိရသည်။

ရန်ကုန်တိုင်း စစ်ဌာ နချုပ် နှင့် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ ဝက်မွေးမြူရေး စခန်းများတွင် ၀က်မွေးခြံများ တစ်ရာ ထက်မနည်းရှိ ပြီး ရန်ကုန်၊မှော်ဘီ နှင့် တွံတေး တို့ တွင် အများဆုံးဖြစ်သည်။
Continue reading “၀က်တုပ်ကွေးရောဂါ သတင်းကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် နှင့် တပ်ရင်းတပ်ဖွဲ့ ပိုင် ၀က်များထုတ် ရောင်း”

မန္တလေး နှစ် ၁၅၀ ပြည့် အတွက် တင်ဆက်မည့် အစီအစဉ် အချို့အား အာဏာပိုင်တို့ ကတားမြစ်မှုပြုလုပ်

၂၇ ဧပြီ မန္တလေး၊                     ၊ညွန့် သက်ထားဦး

နိုင်ငံရေးနှင့်ပတ်သက်သည့်အနူပညာရှင်များကို နှစ်၁၅၀ ပြည့်ပွဲတွင် မပါဝင်ရဟု အာဏာပိုင် တို့ တားမြစ်ထား (Mustaches Brothers Ban to performs in 150 years anniversary of Mandalay Ex Second  capital of Burma
နိုင်ငံရေးနှင့်ပတ်သက်သည့်အနူပညာရှင်များကို နှစ်၁၅၀ ပြည့်ပွဲတွင် မပါဝင်ရဟု အာဏာပိုင် တို့ တားမြစ်ထား (Mustaches Brothers Ban to performs in 150 years anniversary of Mandalay Ex Second capital of Burma

မန္တလေး မြို့ သူမြို့ သားများ နှစ်၁၅၀ ပြည့်တွင်ပျော်ပျော် ပါးပါး ပါဝင်နိုင်ရန် တင်ဆက်ထားသောအစီအစဉ် တစ်ခု ကို အာဏာပိုင် တို့ က တားမြစ်မှု ကြောင့် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ အနေဖြင့် စိတ်ပျက်ရသည် ဟု ကျင်းပရေးကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောသည်။

ပွဲတော် ကျင်းပရေးတာဝန်ရှိ သူများက အများပြည်သူများပါ ပါဝင်ဆင်နွှဲနိုင်ရန် ထည့်သွင်းထားသည့်“အောက်မေ့ဘွယ် မန္တလေး ”အမည်ရှိ ၀ါသနာရှင် ပရိသတ်များက စင်ပေါ်တက်၍ မန္တလေး  နှင့် ပတ်သက်သော  ကျပမ်းသရုပ်ဆောင် မှု အစီအစဉ် ကို ဧပြီလ ၂၄ ရက်နေ့ က တိုင်းမှုးကထည့်သွင်းခြင်းမပြုရန် တားမြစ်လိုက်သည် ဟုသိရသည်။
Continue reading “မန္တလေး နှစ် ၁၅၀ ပြည့် အတွက် တင်ဆက်မည့် အစီအစဉ် အချို့အား အာဏာပိုင်တို့ ကတားမြစ်မှုပြုလုပ်”

ထိုင်းနိုင်ငံ တွင် မငြိမ်မသက် မှုများကြောင့် မြန်မာနိုင်ငံ သို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုကျဆင်း

၂၅ ဧပြီ ရန်ကုန်၊              ၊ယူကွန်

ရန်ကုန်မြို့ လည်ရှိ ဆူးလေဘုရားကို ဧပြီလ ၂၄ ရက်နေ့ ကတွေ့ ရစဉ် ဓာတ်ပုံ-AFP
ရန်ကုန်မြို့ လည်ရှိ ဆူးလေဘုရားကို ဧပြီလ ၂၄ ရက်နေ့ ကတွေ့ ရစဉ် ဓာတ်ပုံ-AFP

ဧပြီ လဆန်းမှ စတင်ခဲ့သည့် ထိုင်းနိုင်ငံ တွင်း မငြိမ်မသက် မှုများ၏ ဂယက်ကြောင့် မြန်မာ နိုင်ငံသို့ 
ကမ္ဘာ လှည့်ခရီးသွား ၀င်ရောက် မှု မှာ သိသိသာသာ နည်းသွားကြောင်း Sun Far ခရီးသွားလာရေး
ဧဂျင်စီ မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ထိုင်းနိုင်ငံ တွင် အနီဝတ် ဆန္ဒပြ သူများကြောင့် ထိုင်းနိုင်ငံ သို့ လာရောက်မည့် ကမ္ဘာလှည့် ခရီး သည် များ ၎င်းတို့ ၏ အစီအစဉ် များကို ဖျက်သိမ်းခဲ့သည်။ကမ္ဘာ လှည့်ခရီးသွားများ အစီအစဉ် ဖျက်သိမ်းမှု ကြောင့် အမေရိကန် ဒေါ်လာ ၆ ဘီလျှံ ထိုင်း ဘတ်ငွေ ၁၉၀ ဘီလျှံ ခန့် ဆုံးရှုံးခဲ့ သည် ဟု အစိုးရ ပြောခွင့် ရပုဂ္ဂိုလ် ၀ချရာ ကာနီကာ က သတင်းထုတ်ပြန်သည်။
Continue reading “ထိုင်းနိုင်ငံ တွင် မငြိမ်မသက် မှုများကြောင့် မြန်မာနိုင်ငံ သို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုကျဆင်း”

အရေးကြီးသော သတင်းအချက်အလက်များ နေစိုးမြဆီ မှ တစ်ဆင့်စစ်အစိုးရ ရရှိသွားခြင်းသည် ဒီမိုကရေစီ အင်အားစုများအတွက် စိုးရိမ်ဖွယ်ရာဖြစ်

၂၅ ဧပြီ မဲဆောက်၊                ၊Freedom News Group

စောဖိုးစီ ကလောင်အမည်ဖြင့် သတင်းစာတွင် ရေးသားနေမှုများ
စောဖိုးစီ ကလောင်အမည်ဖြင့် သတင်းစာတွင် ရေးသားနေမှုများ

မကြာသေးခင် က ထော့ကော် ကိုး ရှိ ကရင်ငြိမ်းချမ်းရေး ကောင်စီ နှင့် သွားရောက် ပူးပေါင်းခဲ့သော
ဗိုလ်ချူပ်မြ၏ သားဖြစ်သူ စောနေ စိုးမြ ဆီမှ ရရှိသော သတင်းအချက် အလက်များကို အခြေခံပြီး
သတင်းစာ များတွင် စောဖိုးစီ ဆိုသော ကလောင် အမည်ခံထားသည့် ပုဂ္ဂိုလ် တစ်ဦးက နယ်စပ်အခြေအနေ များကို ရေးသားနေ ခြင်းသည် ဒီမိုကရေစီ အင်အားစုများအတွက် စိုးရိမ်ဖွယ်ရာ
ဖြစ်သည် ဟု ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက် သော တိုင်းရင်းသား အဖွဲ့ အစည်းတစ်ခု မှ ခေါင်းဆောင် တစ်ဦး Freedom News Group သို့ ပြောသည်။
Continue reading “အရေးကြီးသော သတင်းအချက်အလက်များ နေစိုးမြဆီ မှ တစ်ဆင့်စစ်အစိုးရ ရရှိသွားခြင်းသည် ဒီမိုကရေစီ အင်အားစုများအတွက် စိုးရိမ်ဖွယ်ရာဖြစ်”

အရေးပေါ် အခြေအနေ ထုတ်ပြန်ထားမှုကို အဘိဆစ် ပြန်လည်ရုပ်သိမ်း ပီအေဒီ ခေါင်းဆောင် ဆွန်ထိ ကိုလုပ်ကြံရာတွင် သုံးသည့် ကျဉ်ဆံများသည် ထိုင်း စစ်ဒေသ တစ် မှ ကျဉ်များဖြစ်သောကြောင့် ထိုင်းနိုင်ငံရေး ပိုမို ရှုပ်ထွေးနေ

၂၃ ဧပြီ ဘန်ကောက်၊            ၊Freedom News Group

ဆေးရုံပေါ် မှ PAD ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူး ဓာတ်ပုံ-နေးရှင်း
ဆေးရုံပေါ် မှ PAD ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူး ဓာတ်ပုံ-နေးရှင်း

ပတ္တယား တွင် ကျင်းပသည့် အာဆီယံ စည်းဝေးပွဲ ပျက် ကတည်း ကထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေ ကို ထိုင်းဝန်ကြီးချုပ် အဘိဆစ် က ဧပြီလ ၂၄ ရက် သောကြာနေ့  နံနက် ၁ နာရီ တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။ ထိုအမိန့် ကို ဧပြီ လ ၁၂ ရက် နေ့ ကတည်း က ဘန်ကောက် အပါအ၀င် ခရိုင် ငါးခု တွင် ထုတ်ပြန် ထားခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင် လိုလားသည့် အနီဝတ် များ ၏  ဆူပူ ဆန္ဒပြမှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ရခြင်းဖြစ်သည်။ထို ဆန္ဒပြ မှု များကို အဘီဆစ် က လုပ်ပိုင်ခွင့် အာဏာ အပြည့် အ၀ သုံးပြီး နှိမ်နှင်းခဲ့ရာ လူ  ၂ ဦး သေဆုံးပြီး ၁၂၃ ဦးဒဏ် ရာရရှိသည်။

သက်ဆင် အတွက် နီကာရာဂွာ နိုင်ငံက ထုတ်ပေးထားသည့် သံတမန် နိုင်ငံကူးလက်မှတ်
သက်ဆင် အတွက် နီကာရာဂွာ နိုင်ငံက ထုတ်ပေးထားသည့် သံတမန် နိုင်ငံကူးလက်မှတ်

အဘီ ဆစ်က ထိုသို့ အရေးပေါ် အခြေအနေ မရုသိမ်းခင် အချိန် အတွင်းမှာ ပင် အာရပ်
စော်ဘွားများပြည် ထောင်စု တွင် ခြေကုပ် ယူ၍ ထိုင်း နိုင်ငံ ရေး ကို လှုပ် နေသော သက်ဆင်မှာ အာဖရိက တိုက် လိုင်ဘေးရီး ယား နိုင်ငံ သို့ ထွက် ပြေးသွားပြီ ဖြစ်သည်။
Continue reading “အရေးပေါ် အခြေအနေ ထုတ်ပြန်ထားမှုကို အဘိဆစ် ပြန်လည်ရုပ်သိမ်း ပီအေဒီ ခေါင်းဆောင် ဆွန်ထိ ကိုလုပ်ကြံရာတွင် သုံးသည့် ကျဉ်ဆံများသည် ထိုင်း စစ်ဒေသ တစ် မှ ကျဉ်များဖြစ်သောကြောင့် ထိုင်းနိုင်ငံရေး ပိုမို ရှုပ်ထွေးနေ”