ဝမ်းရောဂါကြောင့် ရန်ကုန်တွင် သရက်သီး၊မုန့်ဟင်းခါး မစားရ အမိန့် ထုတ်

၂၃ ဧပြီ ရန်ကုန်၊             ၊ညွှန့် သက်ထားဦး

သရက်သီးရောင်းချသူ များအရှုံးပေါ်သည့် နှစ် ဓာတ်ပုံ-R ALERT
သရက်သီးရောင်းချသူ များအရှုံးပေါ်သည့် နှစ် ဓာတ်ပုံ-R ALERT

ဝမ်းပျက် ၀မ်းလျှော ရောဂါ ကြောင့် လူ အသေအပျောက် ရှိခဲ့ သော မြို့ တော်ဟောင်း ရန်ကုန်တွင် ရန်ကုန် တိုင်းစစ်ဌာန ချုပ် နှင့် စည်ပင် တို့ ပူးပေါင်းပြီး ၀မ်းနူးစေသော သစ်သီးဝလံ နှင့် စားသောက်ဖွယ်ရာ များရောင်းချ ခြင်းမပြု ရ ဟု ယနေ့ မနက် အစောပိုင်း ကတည်း က စည်ပင် နှင့် စစ်ကားများပေါ်တွင် အသံချဲ့ စက် များ တင်၍ လိုက်လံကြေညာနေသည်။

ဝမ်းပျက် ၀မ်းလျှော ရောဂါ နှင့် ပတ်သက်၍ အစိုးရက သတင်းလည်း မထုတ် ပြန် သလို လိုအပ်သည့် ဆေးဝါးစောင့် ရှောက် မှုများ စီမံပေးမှုမရှိသေးချေ။ ယနေ့ မနက် အစောပိုင်းက
မြောက် ဥက္ကလာ ဈ ဈေး အနီးတွင် စည်ပင် ကားများဖြင့် သရက်သီး၊နာနတ်သီး၊ ကနစိုသီး စသည့်အသီး အနှံ များကို ရှောင် ကြည် ရန် နှင့် မုန့် ဟင်းခါး ၊အသုတ်၊သရက် ချဉ် ၊ချဉ် ဖတ်စသည့်  စားစရာ များကို လည်း ရောင်းဝယ် ဖောက် ကားခြင်း နှင့် ရောင်းချ စားသောက် ခြင်းမ ပြုရန် တားမြစ် ကြေညာသွားသည်။ Continue reading “၀မ်းရောဂါကြောင့် ရန်ကုန်တွင် သရက်သီး၊မုန့်ဟင်းခါး မစားရ အမိန့် ထုတ်”

ငါးနှစ်ကြာ အချိန်ယူခဲ့ရသည့် အမ်မီနမ် ၏ ဆဌမ မြောက်အယ်(လ)ဘမ်သစ် Relapse

တားမြစ် မူးယစ်ဆေးဝါးများဖြင့် အယ်(လ)ဘမ် ကာဗာ Art work ဖန်တီးထားသော အမ်မီနမ် ၏ အယ်(လ)ဘမ်သစ် ဓာတ်ပုံ-Twitter
တားမြစ် မူးယစ်ဆေးဝါးများဖြင့် အယ်(လ)ဘမ် ကာဗာ Art work ဖန်တီးထားသော အမ်မီနမ် ၏ အယ်(လ)ဘမ်သစ် ဓာတ်ပုံ-Twitter

၂၀၀၄ ခုနှစ် က Encore အမည်ရှိ  အယ်(လ)ဘမ် ကို ထုတ်ဝေခဲ့ပြီး နောက် ရက်(ပ) အဆိုတော်
အမ်မီ နမ်သည် သူ၏ ဆဌမ မြောက် ဆင်ဂဲလ် အယ်(လ)ဘမ် ဖြစ်သော Relapse အမည်ရှိ အယ်(လ)ဘမ် ကို မေ လ ၁၅ ရက် နေ့ တွင် ထုတ်ဝေဖြန့် ချိမည် ဟု သတင်းထုတ်ပြန်သည်။

တားမြစ်မူးယစ်ဆေးဝါးများဖြင့် အနုပညာ ဒီဇိုင်းဖန် တီးထားသော Relapse အယ်(လ)ဘမ်ကာဗာကို ဧပြီလ ၂၁ ရက် နေ့ က လူသုံးများသော Twitter ၀ဘ်ဆိုတ် မှ တစ်ဆင့်ပရိသတ် သို့ အသိပေးခဲ့သည်။အမေရိကန် ဒီဇိုင်းနာ နှင့် အနူပညာရှင် Edgy ဆွဲပေးထားသော ထို ဒီဇိုင်းမှာ လူကြိုက် များမှုလည်းရှိ သကဲ့ သို့ အငြင်းပွားမှု လည်း ရှိနေသည်။
Continue reading “ငါးနှစ်ကြာ အချိန်ယူခဲ့ရသည့် အမ်မီနမ် ၏ ဆဌမ မြောက်အယ်(လ)ဘမ်သစ် Relapse”

ကမ်းရိုးတန်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများ သဘာဝဘေးအန္တရာယ် ဖြစ်လျှင် ကြမ္မာငင် မည့် အရေး ၎င်းတို့ ၏ မိသားစု ၀င်များစိုးရိမ်

၂၂ ဧပြီ ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး

သင်္ကြန် အပြီးဘီဂျလီ မုန်တိုင်း ရခိုင် ပြည်နယ်သို့ ဝင်ရောက် မည်ဆိုသောကြောင့် ရခိုင်ပြည်နယ် ဒေသခံ များသာ စိုးရိမ်ပူပန် မှု ရောက်ရသည် မဟုတ်ပဲ ထိုဒေသမှ ထောင်များတွင် ယုံကြည်ချက်
ကြောင့်အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး အကျဉ်းသား မိသားစု ၀င်များပါ စိုးရိမ်သော ကရောက်
ရသည် ဟု ဆိုသည်။

ဘူးသီးတောင် ထောင်တွင်း အကျဉ်း ကျခံနေရသည့် ၂၀၀ရ မျိုးဆက် ကျောင်းသားလှုပ်ရှားမှု ဦး
ဆောင်သူ တစ်ဦးဖြစ်သည့် ကိုစည်သူမောင် ၏ မိသားစု ၀င်တစ် ဦးက “မနှစ်က မုန်တိုင်း ၀င်တုန်းက အင်းစိန် ထောင် မှာ ပြစ်သတ် တယ်လေ။ အန်တီ စိုးရိမ်တာက စည်သူမောင် အပါအ၀င် အကျဉ်းသား အားလုံး ကျန်းကျန်းမာမာ ရှိပါစေလို ဆုတောင်းလိုက်ရတာ။မုန်တိုင်းကြမ်း လို့ တစ်ခုခုဖြစ်ရင်သူ တို့ မှာပြေးစရာ မြေမှ မရှိတာ အခန်းထဲ တွေမှာ အာဏာပိုင် တွေ ကပိတ်ထားတော့ အကုန်သေကုန် မှာ ”ဟု Freedom News Group သို့ ပြောသည်။
Continue reading “ကမ်းရိုးတန်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများ သဘာဝဘေးအန္တရာယ် ဖြစ်လျှင် ကြမ္မာငင် မည့် အရေး ၎င်းတို့ ၏ မိသားစု ၀င်များစိုးရိမ်”

ဧရာဝတီ တိုင်းတွင်းခရီးသွားလာရေးကန့် သတ်မှု ပြန်လည်တိုးမြှင့် သောကြောင့် အကူအညီပေးရေး အဖွဲ့ အစည်းများအနှောင့် အယှက် ဖြစ်

၂၂ ဧပြီ ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

စစ်ဆေးမေးမြန်းမှု များကြောင့် အချိန် ကြန့် ကြာနေသော ကုလ သမဂ္ဂ ကားတစ်စီး ဓာတ်ပုံ-ဟိန်းခိုင်ထွန်း
စစ်ဆေးမေးမြန်းမှု များကြောင့် အချိန် ကြန့် ကြာနေသော ကုလ သမဂ္ဂ ကားတစ်စီး ဓာတ်ပုံ-ဟိန်းခိုင်ထွန်း

နာဂစ် မုန်တိုင်းကြောင့် လူတစ်သိန်းကျော်သေဆုံးခဲ့သော တစ်နှစ်ပတ်လည် ပြည့်ရန် ရက်ပိုင်းမျှသာအလိုတွင် ဧရာဝတီ တိုင်း အတွင်းသို့ နိုင်ငံခြားသား အပါအ၀င် ခရီးသွားလာသူများကို ကန့် သတ်စစ်မေးမှု များပိုမို တင်းကျပ်လာ သည် ဟုသိရသည်။

ဧရာဝတီ တိုင်းတို့ ဝင်ရောက် သည့် လမ်းများအနက် ရန်ကုန်မှ အဓိက ၀င်ရောက် နိုင် သည့် ညောင်တုန်းရှိ ဗိုလ်မြတ်ထွန်း တံတား အနီးရှိ အသစ်ဖွင့်ထားသော စစ်ဆေးရေးဂိတ် နှင့် မအူပင် တံတားတံတား အနီး အ၀င် လမ်းရှိ စစ်ဆေးရေးဂိတ် နှင့် မဲဇလီ တံတား တို့ တွင် ခရီးသွားလာ သူများကိုသင်္ကြန်ပြီးမှ စ၍ တင်းတင်းကျပ်ကျပ် စစ်မေးလျှက် ရှိသည်။
Continue reading “ဧရာဝတီ တိုင်းတွင်းခရီးသွားလာရေးကန့် သတ်မှု ပြန်လည်တိုးမြှင့် သောကြောင့် အကူအညီပေးရေး အဖွဲ့ အစည်းများအနှောင့် အယှက် ဖြစ်”

အဘီဆစ် က ဇွန်လတွင် တို့လို့တန်းလန်း အာဆီယံ အစည်း အဝေးကို ပြန်လုပ်မည်ဟုပြော မြေအောက် ဆင်းသွားသည့် အနီဝတ် ခေါင်းဆောင် ဂျာကရာပေါဒ် က လက်စမသတ်ရသေးသော တော်လှန်ရေးကို ပြန်စမည် ဟုဆို

၂၁ ဧပြီ ဘန်ကောက်၊                ၊Freedom News Group

အာဆီယံ ဆွေးနွေးပွဲ ကို စီးနင်းရန် အမိန့် ပေးခဲ့သူUDD ခေါင်းဆောင် ဂျာကရာပေါဒ်  (AP Photo/Apichart Weerawong)
အာဆီယံ ဆွေးနွေးပွဲ ကို စီးနင်းရန် အမိန့် ပေးခဲ့သူUDD ခေါင်းဆောင် ဂျာကရာပေါဒ် (AP Photo/Apichart Weerawong)

အက်ဒမန်ပင် လယ်ပြင် ကြီးကိုမေးတင် လျှက်ရှိသော ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေအပန်းဖြေစခန်းမြို့ တွင် ဇွန်လဉ် ရွှေ့ဆိုင်းခဲ့သော အာဆီယံ အစည်းအဝေးကြီး ပြန်စမည် ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ် က ယနေ့ သတင်းထောက်များကို ပြောသည်။

ဧပြီလ ၁၁ ရက် နေ့ က အာဆီယံ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ ပတ္တယား တွင် ကျင်းပနေစဉ်UDD ဟုခေါ်သည့် အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦး နှင့် ထိပ်တိုက် တွေ့ ပြီး ဆွေးနွေးပွဲကို အရေးပေါ်ဖျက် သိမ်းခဲ့ရသည်။ Continue reading “အဘီဆစ် က ဇွန်လတွင် တို့လို့တန်းလန်း အာဆီယံ အစည်း အဝေးကို ပြန်လုပ်မည်ဟုပြော မြေအောက် ဆင်းသွားသည့် အနီဝတ် ခေါင်းဆောင် ဂျာကရာပေါဒ် က လက်စမသတ်ရသေးသော တော်လှန်ရေးကို ပြန်စမည် ဟုဆို”

တစ်ကမ္ဘာလုံးစိတ် ၀င်စားစေခဲ့သော ဗြိတိသျှ သတင်းစာ ၏ လုပ်ကြံသတင်းကြီးကို ဖွင့်ချလိုက်ပြီ

၂၁ ဧပြီ လန်ဒန်၊              ၊ဘီဘီစီ

မွမ်ဘိုင်းဟိုတယ် တွင် အာရပ်သူဌေးယောင်ဆောင် ထားသော သတင်းထောက် နှစ်ယောက်(မျက်နှာ ပိတ်ထားသူ)နှင့် အတူတွေ့ ရသော Slumdog ကလေးငယ် နှင့် အတူတွေ့ ရသော သူ့ ဖခင် နှင့်ဦးလေး
မွမ်ဘိုင်းဟိုတယ် တွင် အာရပ်သူဌေးယောင်ဆောင် ထားသော သတင်းထောက် နှစ်ယောက်(မျက်နှာ ပိတ်ထားသူ)နှင့် အတူတွေ့ ရသော Slumdog ကလေးငယ် နှင့် အတူတွေ့ ရသော သူ့ ဖခင် နှင့်ဦးလေး

ဗြိတိသျှ နာမည် ကျော် သတင်းစာ News of the World သတင်းစာမှ သတင်းထောက် တစ်ဦးက အာရပ် သူဌေးတစ်ဦးယောင် ဆောင်ပြီး အော်စကာဆုရ Slumdog Millionaire
ဇာတ်ကားမှ ကလေး အဖေ နှင့် တွေ့ ဆုံကာ ကလေးကို မွေးစားရန် ၀ယ်လိုကြောင်းဆွေးနွေး ပြီးနောက် ၎င်းတို့ ၏ သတင်းစာ တွင် ကလေးကိုရောင်းစားသော
အဖေ ဟု သတင်းလုပ် ဖေါ်ပြမှု ဖြစ်ပွားခဲ့သည်။
Continue reading “တစ်ကမ္ဘာလုံးစိတ် ၀င်စားစေခဲ့သော ဗြိတိသျှ သတင်းစာ ၏ လုပ်ကြံသတင်းကြီးကို ဖွင့်ချလိုက်ပြီ”

စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်တွင် အာဏာပိုင်များ ရေကစားရန် ကုန်ကျစရိတ်အတွက် ပြည်သူများက ငွေကြေးထည့်ဝင်ရ

၂၀ ဧပြီ မန္တလေး၊                ၊တင်ကျော်ကျော်စိုး

သင်္ကြန်အတက်နေ့ ကန်တော်ကြီးကန်ပတ်လမ်း ချတ်ထရီယံ ဟိုတယ်အနီးရှိ Air Bagan မဏ္ဍပ် ဓာတ်ပုံ-ဟိန်းခိုင်ထွန်း
သင်္ကြန်အတက်နေ့ ကန်တော်ကြီးကန်ပတ်လမ်း ချတ်ထရီယံ ဟိုတယ်အနီးရှိ Air Bagan မဏ္ဍပ် ဓာတ်ပုံ-ဟိန်းခိုင်ထွန်း

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်၊
မိုးညှင်း၊ဟိုပင် နှင့် စစ်ကိုင်းတိုင်း မြင်းမူ
နှင့်ချောင်းဦး မြို့ နယ်များတွင် အာဏာပိုင်များ
မြို့ နယ် မဏ္ဍပ်များဆောက် လုပ်ရန် နှင့်
စတုဒီသာ အလှုလုပ်ရန် ဒေသခံပြည်သူများဆီက
ငွေကြေးအဓမ္မကောက်ခံမှုများ ရှိခဲ့ကြောင်း စုံစမ်း
သိရှိရသည်။

စစ်ကိုင်းတိုင်းမြင်းမူမြို့ နယ်တွင် အာဏာပိုင်များက
မြို့ နယ် မဏ္ဍပ် ဆောက်လုပ်ရန် အတွက် စီးပွားရေး
လုပ်ငန်းရှင် ဆိုလျှင် ၅၀၀၀ ကျပ်နှင့် အထက် ထည့်
ဝင်ရသည် ဟုသိရသည်။ဗန်းမော်

မြို့ နယ်တွင် မူ တစ်အိမ်ထောင်လျှင် ၁၀၀၀ ကျပ် အနည်းဆုံးထည့်ရသည်။
Continue reading “စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်တွင် အာဏာပိုင်များ ရေကစားရန် ကုန်ကျစရိတ်အတွက် ပြည်သူများက ငွေကြေးထည့်ဝင်ရ”

KNU ခေါင်းဆောင်များ သူ့ အဖေ မရှိသည့် နောက် အားလုံးကိုချုပ်ကိုင်ထားပြီးလက်ဝါးကြီးအုပ် ထား ဟု စောနေစိုးမြ အင်တာဗျုးတွင်ပြော(ဗီဒီယို)

၂၀ ဧပြီ  ရန်ကုန်၊                ၊Freedom News Group ထော့ကော့ကိုးတွင် သွားရောက်အခြေစိုက် သော ကွယ်လွန်သူ ဗိုလ်ချုပ်မြ ၏ သားဖြစ်သူ စောနေစိုးမြ  က မြန်မာ့ရုပ်မြင်သံကြား နှင့် မြ၀တီ ကို၎င်း ၏အမြင် နှင့် သူ့ အဖေချမှတ် ထားသော မူများကိုလက်ရှိ KNU ခေါင်းဆောင်များက လိုက်နာမှုမရှိကြောင်းထော့ကော့ကိုး တွင် ပြောနေ စဉ် Continue reading KNU ခေါင်းဆောင်များ သူ့ အဖေ မရှိသည့် နောက် အားလုံးကိုချုပ်ကိုင်ထားပြီးလက်ဝါးကြီးအုပ် ထား ဟု စောနေစိုးမြ အင်တာဗျုးတွင်ပြော(ဗီဒီယို)

Rate this:

ထောင်ဒဏ်ချမှတ် ခံရသော သတင်းထောက် ပြန်လွှတ်ပေးရန် အီရန် ကို အမေရိကန် တောင်းဆို

၂၀  ဧပြီ တီဟီရန်၊               ၊အေပီ

File photo of US-Iranian journalist Roxana Saberi posing for a photograph in Bam, 1,250 km (776 miles) southeast of Tehran March 31, 2004. An Iranian court has sentenced Iranian-American freelance journalist Roxana Saberi to eight years in jail, her lawyer told Reuters April 18, 2009. Saberi was accused of spying for the United States.    REUTERS/Stringer/Files
အီရန်နိုင်ငံတွင်ထောင်ဒဏ်ချ မှတ်ခံရသောအမေရိကန်သ တင်းထောက် Roxana Saberi REUTERS/Stringer

အမေရိကန် အမျိုးသမီး သတင်းထောက် တစ်ဦးကို အီရန် နိုင်ငံ ကသူလျှိုလုပ်သည် ဟု စွပ်စွဲ
ချက်ဖြင့် အီရန် နိုင်ငံ က ဧပြီလ ၁၈ ရက် နေ့ ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခဲ့ရာ အိုဘားမား ကပြန်
လွှတ်ပေးဖို့ တောင်းဆိုသည်။

အသက် ၃၁ နှစ် အရွယ်ရှိ ရိုဆန်နာ ဆာဘာရီ မှာ National Public Radio နှင့် BBC သတင်း
ဌာန အတွက် အီရန် နိုင်ငံမှ သတင်းများကို ရေးသားပေးပို့ နေသူဖြစ်သည်။ သူမ၏ ဖခင်မှာ အီရန်
လူမျိုးတစ်ယောက် ဖြစ်ပြီး ဆာဘာရီမှာ အမေရိကန် နိုင်ငံ မြောက်ဒါကိုတာ တွင် မွေးဖွားကြီးပြင်း
ခဲ့သူဖြစ်သည်။
Continue reading “ထောင်ဒဏ်ချမှတ် ခံရသော သတင်းထောက် ပြန်လွှတ်ပေးရန် အီရန် ကို အမေရိကန် တောင်းဆို”

ထောင်ပိုင်က ဘူးသီးတောင် ထောင်တွင်းရှိ အကျဉ်းသားများကို မုန်တိုင်းကျ ချိန် အဆောင်နှင့်တိုက် ပြင်ပသို့ ထွက်ခွင့်မပေး

၁၈ ဧပြီ ရန်ကုန်၊             ၊တင်ကျော်ကျော်စိုး

နိုင်ငံရေး အကျဉ်းသားတွေ ကို မောက်မာ ရိုင်းပျစွာဆက် ဆံလေ့ရှိ သည့်ရခိုင်ပြည်နယ်ဘူးသီး
တောင် ထောင်ပိုင် က သောကြာနေ့ မှစပြီး မုန်တိုင်းသတင်းကြောင့် တစ်ထောင် လုံးကို လုံခြုံရေးတင်းကျပ်ထားသည် ဟု သိရသည်။ထောင်ပိုင် က မုန်တိုင်းကျချိန် ငြိမ်သက်မှုမရှိလျှင် အစောင့်များအား ပစ်မိန့် ပေးထားသည် ဟု သိရသည်။ Continue reading “ထောင်ပိုင်က ဘူးသီးတောင် ထောင်တွင်းရှိ အကျဉ်းသားများကို မုန်တိုင်းကျ ချိန် အဆောင်နှင့်တိုက် ပြင်ပသို့ ထွက်ခွင့်မပေး”

ဘူးသီးတောင်၊စစ်တွေ ပလက်ဝ နှင့် ကျောက်တော် မြို့ များတွင် မုန်တိုင်းဝင် မြေပြိုမှုများနှင့် လျှပ်စစ် မီးနှင့်ဖုန်းလိုင်းပြတ်တောက် မှုများဖြစ်ပွား

၁၈ ဧပြီ ရန်ကုန်၊           ၊ဟိန်းခိုင်ထွန်း

ဆိုင်ကလုန်း ဘီဂျလီ ၏ အရှိန်ကြောင့် ထိခိုက်ပျက်စီးနိုင်မှုရှိသည့်ဒေသများ
ဆိုင်ကလုန်း ဘီဂျလီ ၏ အရှိန်ကြောင့် ထိခိုက်ပျက်စီးနိုင်မှုရှိသည့်ဒေသများ

ယမန်နေ့ ည အချိန်က စစ်တွေ နှင့် မောင်းတော မြို့ နယ်များတွင် ဘီဂျလီ မုန်တိုင်းစတင် ၀င်ရောက်ပြီးနောက် မိုးစတင်ရွာသွန်းခဲ့ရာ ဧပြီ လ၁၈ ရက် အာရုံတက်ချိန်ခန့် တွင် လေပြင်းမုန်တိုင်း တိုက်ခတ် ပြီးစစ်တွေ မြို့ ရှိ အချို့ အိမ် များမှာ အမိုးလန်ထွက် မှုများပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ဘူးသီးတောင် တွင် မုန်တိုင်းအရှိန်ကြောင့် သစ်ပင်များ ပြိုကျမှု၊အမြစ်မှ ကျွတ်ထွက် မှုများရှိသည်ဟု သတင်းရရှိသည်။စစ်တွေ နှင့် မောင်းတောတွင် မူ လျှပ်စစ်မီး များပြတ်တောက် မှုနေရာအချို့ တွင်ရှိသည်။စစ်တွေ မြို့ သို့ မုန်တိုင်းဝင် ရောင် စဉ် လေတိုက်ခတ်မှု နှုန်းမှာ တစ်နာရီ လျှင် ၅၆ မိုင် (၉၀ ကီလိုမီတာ)ခန့် ရှိသည်ဟုသိရသည်။ Continue reading “ဘူးသီးတောင်၊စစ်တွေ ပလက်ဝ နှင့် ကျောက်တော် မြို့ များတွင် မုန်တိုင်းဝင် မြေပြိုမှုများနှင့် လျှပ်စစ် မီးနှင့်ဖုန်းလိုင်းပြတ်တောက် မှုများဖြစ်ပွား”

ဆိုင်ကလုံးဘီဂျလီ သည် မြန်မာနိုင်ငံသို့ ဦးတည်ရှေးရှုခြင်းမရှိဟု မြန်မာ့ရုပ်မြင်သံကြားမှ ကြေညာ

နောက်ဆုံးရ သတင်း ယနေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် စစ်တွေ မြို့ နယ်တွင် လေပြင်းတိုက်ပြီးမိုးစတင် ရွာသွန်း ဆိုင်ကလုံးဘီဂျလီ သည်လိမ္မော်ရောင် အဆင့်မှ အ၀ါရောင် အဆင့်သို့ လျှောကျသွားပြီး မြန်မာနိုင်ငံသို့ အဓိက ဦးတည် နေခြင်းမရှိ ဆိုသည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြား သတင်းနှင့် သတင်းအပြီးမိုးလေ၀သ ခန့် မှန်းချက်အစီအစဉ် တို့ တွင် ကြေညာသွားသည်။ Continue reading ဆိုင်ကလုံးဘီဂျလီ သည် မြန်မာနိုင်ငံသို့ ဦးတည်ရှေးရှုခြင်းမရှိဟု မြန်မာ့ရုပ်မြင်သံကြားမှ ကြေညာ

Rate this: